အကြောင်းအရာ

မြန်မာနိုင်ငံရှိ ဒီဂျစ်တယ်အသုံးပြုသူများအား ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ ပညာရေးနှင့် အရင်းအမြစ်များ ပေးနိုင်ရန် ရည်ရွယ်၍ Digital Security Myanmar ကို စတင် ဖန်တီးခဲ့ပါသည်။ အများပြည်သူအနေဖြင့် ဒီဂျစ်တယ် အန္တရာယ်များကနေ မိမိတို့ကိုယ်ကို ကာကွယ်တတ်စေဖို့နှင့် အချက်အလက် ဒေတာများ လုံခြုံစွာ သိမ်းဆည်း အသုံးပြုနိုင် စေဖို့ အသိပညာ မျှဝေပေးပြီး ဒီဂျစ်တယ်ပိုင်း ဆိုင်ရာ စွမ်းအင်မြှင့်ပေးရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံရှိ ဒီဂျစ်တယ် သုံးစွဲသူများသည် ၎င်းတို့ရင်ဆိုင်ကြုံတွေ့ရမည့် အန္တရာယ်များ အကြောင်းနှင့် အွန်လိုင်း မှာရော အပြင် လက်တွေ့မှာပါ မိမိလုံခြုံရေးကို အာမခံစေနိုင်ဖို့ အတွက် လုပ်ဆောင်ရမည့် ကြိုတင်ပြင်ဆင် မှုများ အကြောင်း ပိုမိုသိရှိလာရန် ကူညီနိုင်မည်ဟု မျှော်မှန်းပါသည်။ 

လုံခြုံရေး

ဒီဂျစ်တယ်လုံခြုံရေး၏ အရေးပါမှုကို ပိုမိုသိရှိလာစေခြင်း

ကာကွယ်ရေး

ဒီဂျစ်တယ်အန္တရာယ်များမှ မိမိကိုယ်ကိုကာကွယ်ရန် နည်းလမ်းများကို လူအများအား အသိပေးခြင်း

မြန်မာ

မြန်မာနိုင်ငံမှ ဒီဂျစ်တယ် အသုံးပြုသူများအားလုံးအတွက် ဖန်တီးထားခြင်း

© 2024. All Right Reserved.